“ဂွန်ကာလိုအိုလီဗီယာကို ခေါ်ယူခဲ့တဲ့ ရင်းနက်စ်အသင်း”

23 Jun

ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းက ဘင်ဖီကာအသင်း နောက်ခံကစားသမား ဂွန်ကာလိုအိုလီဗီယာ ကို ပြောင်းရွှေ့ကြေး ယူရို ၃ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံကစားသမား အိုလီဗီယာ က ရင်းနက်စ်အသင်းနှင့်အတူ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နောက်ခံကစားသမား ဂွန်ကာလိုအိုလီဗီယာ က အနာဂတ်မှာ ထွန်းတောက် လာမယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရမှုကြောင့် ရင်းနက်စ်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ရင်းနက်စ်အသင်းသည် လက်ရှိ ဈေးကွက်အတွင်းတွင် ကစားသမား သုံးဦးအထိ ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .