“မာရက်စကာ ကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ အပြီးသတ်လုနီးပါးဖြစ်နေတဲ့ မန်စီးတီးအသင်း”
23 Jun
မန်စီးတီးအသင်းဟာ အသင်းလက်ထောက်နည်းပြဟောင်း မာရက်စကာ ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အပြီးသတ်လုနီးပါး ဖြစ်နေပါတယ်။ မန်စီးတီးအနေနဲ့ မာရက်စကာရဲ့အသင်းဟောင်း ချဲလ်ဆီးအသင်းထံ လျော်ကြေးပေးမယ့်ကိစ္စလည်း သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ မာရက်စကာ ဟာ ပြီးခဲ့တဲ့ဇန်နဝါလမှာ ချဲလ်ဆီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရတာဖြစ်ပြီး ယင်းမတိုင်ခင် သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ရှိပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းအကြား ညှိနှိုင်းခဲ့ရကာ မန်စီးတီးအသင်းအနေနဲ့ ပေါင် ၁၀ သန်းခန့်အထိ လျော်ကြေးပေးရဖို့ များနေပါတယ်။ မာရက်စကာ အနေနဲ့ ပြီးခဲ့တဲ့လမှာ နည်းပြ ဂွါဒီယိုလာ ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာချိန်ကတည်းက မန်စီးတီးနည်းပြသစ်အဖြစ် ပြိုင်ဘက်မရှိ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
23 Jun