ဧရာဝတီအမျိုးသမီးအသင်း ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ပုသိမ်မြို့မှာ ယနေ့ညနေကစားမယ်

23 Jun

ဧရာဝတီအမျိုးသမီးအသင်း ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ဇွန်လ ၂၃ ရက် ညနေ ၃ နာရီခွဲမှာ ပုသိမ်မြို့ရှိ ကိုးသိန်းကွင်းမှာ Young Lionesses အသင်းနဲ့ ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ ဒီရာသီပြိုင်ပွဲမှာ အိမ်ကွင်း ၄ ပွဲကို ပုသိမ်မြို့ရှိ ကိုးသိန်းကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပြီး ပထမအကျော့မှာ နှစ်ပွဲ၊ ဒုတိယအကျော့မှာ နှစ်ပွဲ လက်ခံကျင်းပဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ခေါ်ယူပြီးနောက် ပြိုင်ပွဲဝင်အသင်းများထဲမှာ ကစားသမားအင်အား အတောင့်တင်းဆုံးအသင်းအဖြစ် ပရိသတ်များက သတ်မှတ်ထားနေလျက်ရှိကြောင်း သိရပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ နိုင်ငံခြားကစားသမား ၂ ဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်ကစားသမား ရီတုပေါ်နာချက်မားနဲ့ ဖိလစ်ပိုင်လက်ရွေးစင်ကစားသမား အလစ်ဆာအူဘေး တို့ကို ခေါ်ယူထားသလို မြန်မာ့ လက်ရွေးစင်ကစားသမားများအဖြစ် မေထက်လူ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ဖြူဖွေး၊ နော်ထက်ထက်ဝေ၊ ခင်မိုးဝင်း၊ စန်းသော်သော်၊ အိစန္ဒာဇော် အစရှိသူတို့ ပါဝင်နေလျက်ရှိပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားသလို လက်ရှိပြိုင်ပွဲ ပွဲစဥ် (၁) အပြီးမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .