“အီရန်နှင့်တိုက်ရိုက်ဆွေးနွေးမှုအပြီး နောက်ဆုံးသဘောတူညီချက်ရရန် အခြေခံအုတ်မြစ်ချမှတ်နိုင်ဟုဆို”

23 Jun

ဆွစ်ဇာလန်နိုင်ငံ၌ ဆောင်ရွက်ခဲ့သည့် အီရန်နိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးပွဲများအပြီးတွင် နှစ်နိုင်ငံကြား နောက်ဆုံးသဘောတူညီချက်ရရှိရန် အလွန်ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခု ချမှတ်နိုင်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့် က ဇွန်လ ၂၂ ရက်တွင် ထုတ်ဖော်ပြောသည်။ ၎င်းတို့အနေနဲ့ အောင်မြင်တဲ့ နောက်ဆုံးသဘောတူညီချက်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု ချမှတ်နိုင်ခဲ့ပြီး ဗျူဟာမြောက် နောက်ဆုံး သဘောတူညီချက်ကို အိမ်တစ်လုံးနဲ့ခိုင်းနှိုင်းပါက မိမိတို့အိမ်ကို ဆောက်လုပ်၍ မပြီးသေးပေမယ့် အမေရိကန် ပြည်သူတွေအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုရရှိရန် ခိုင်မာသောအခြေခံအုတ်မြစ်ကိုတော့ ချနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျေဒီဗန့်က သတင်းထောက်များကိုပြောကြားထားသည်။ ၂၀၂၅ ခုနှစ်တွင်ဖြစ်ပွားသော ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်နှင့်အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက် ခြင်းကိုခံခဲ့ရသည့် အဓိကနျူကလီးယားစခန်းများသို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ စစ်ဆေးရေး မှူးများကို ပြန်လည်ဝင်ခွင့်ပြုရန် အီရန်အစိုးရက သဘောတူကြောင်း ဂျေဒီဗန့်က ဆိုသည်။ ရက်ပေါင်း ၄၀ ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် မကြာခဏပျက်ပြားသည့် အပစ်အခတ်ရပ်စဲရေး သီတင်းပတ်များအပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်း အီရန်နှင့်အမေရိကန်တို့က ဆွေးနွေးပွဲများအတွက် အခြေခံအုတ်မြစ်ချပေးမည့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Jun

ADVERTISE HERE .