ကုန်ဈေးနှုန်းသတင်း ၂၂.၆.၂၀၂၆

22 Jun

ဇွန်လ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေသလို ကြက်သွန်နီနဲ့ အာလူးဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီးဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် ကျဆင်းလာ ပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၀,၂၄၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၀,၅၀၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၂၁၅ ကျပ်ကနေ ၅,၂၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၅၀ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာ ကို ၄,၂၅၀ ကျပ်ကနေ ၆,၅၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၄၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၀၈၅ ကျပ်ကနေ ၁၀,၉၇၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၂၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၁,၈၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၁၆၅ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၉၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၁,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၅,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၅၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၇၈၅ ကျပ်၊ မန္တလေးမှာ ၃,၉၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၈၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၈၃၀ ကျပ်၊ မန္တလေး မှာ ၃,၉၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၉၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၉၁၀ ကျပ်၊ မန္တလေးမှာ ၄,၀၅၅ ကျပ်၊ နေပြည်တော်မှာ ၄,၀၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၇၂၀ ကျပ်၊ မန္တလေးမှာ ၄,၈၇၅ ကျပ်၊ နေပြည်တော်မှာ ၄,၈၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၅၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်း ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၉,၈၆၀,၀၀၀ိ/-) ကိုးဆယ် ရှစ်သိန်း ခြောက်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

22 Jun

ADVERTISE HERE .