“ဂါနာအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားနိုင်ဖွယ် မရှိသေးတဲ့ ဆာကာ”
22 Jun
အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာဟာ လာမယ့်အင်္ဂါနေ့ ဂါနာနဲ့ကစားမယ့် အုပ်စုဒုတိယပွဲမှာလည်း ပွဲထွက်ကစားနိုင်ဖွယ်ကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းနည်းပြ တူချဲယ်ကလည်း ဆာကာ ကို ပွဲထွက်ကစားဖို့ အစီအစဉ်မရှိဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဆာကာဟာ ခရိုအေးရှားအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ၇၂ မိနစ်ရောက်မှ လူစားဝင် ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဆာကာ ဟာ ရပ်ရှ်ဖို့ဒ် သွင်းယူတဲ့ အင်္ဂလန်အသင်းရဲ့ စတုတ္ထဂိုးကို ဖန်တီးပေးနိုင် ခဲ့ပါတယ်။ တူချဲယ် ကိုယ်တိုင်က ဆာကာ ရဲ့ကြံ့ခိုင်မှုအခြေအနေအရ အခုကမ္ဘာ့ဖလားမှာ မိနစ် ၉၀ ပြည့် ကစားဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားထားခဲ့ပါတယ်။ ဆာကာ ဟာ ပါနားမားနဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာလည်း ပွဲထွက် ကစားရဖို့ မရှိပါဘူး။ (NVS 008)
22 Jun