“အာဖရိကကစားသမား ၃ ဦးကို စာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်း”
22 Jun
ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းဟာ ဒီရာသီမြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီကြိုအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ အာဖရိကအမျိုးသမီးကစားသမား ၃ ဦးကို အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကစားသမားတွေကတော့ ဂါနာကစားသမား ၂ ဦးနဲ့ ဘူရွန်ဒီကစားသမား တစ်ဦးတို့ဖြစ်ကြောင်း သိရ ပါတယ်။ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းဟာ ဂါနာ ယူ- ၁၇၊ ယူ- ၂၀ လက်ရွေးစင်ဟောင်းများဖြစ်ကြတဲ့ ကွင်းလယ်လူ ဒါကိုထရီဆာ၊ တောင်ပံတိုက်စစ်ကစားသမား အဘီဂေးဆက်ရီဝါးနဲ့ ဘူရွန်ဒီလက်ရွေးစင် အသင်းခေါင်းဆောင် ကွင်းလယ်လူ ပိစ်အော်ဂါတို့ကို စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာရှမ်းယူနိုက်တက်အသင်းဟာ အဆိုပါကစားသမား ၃ ယောက်ကို အပြီးသတ်စာချုပ်ချုပ်ဆိုထားပြီး မြန်မာနိုင်ငံကို အမြန်ဆုံးရောက်ရှိလာဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိရာသီမြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ နိုင်ငံခြားကစားသမား ခေါ်ယူထားခဲ့တဲ့ အသင်း ၄ သင်း အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ (NVS 008)