“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် အာဂျင်တီးနားအသင်းမှ မက်ဆီ နှင့် ကနေဒါအသင်းမှ ဂျွန်နသန်ဒေးဗစ် တို့ ထိပ်ဆုံး၌ဦးဆောင်”
21 Jun၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲ ကစားအပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် အာဂျင်တီးနားအသင်းမှ မက်ဆီ နှင့် ကနေဒါအသင်းမှ ဂျွန်နသန်ဒေးဗစ် တို့ ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မက်ဆီ က အယ်လ်ဂျီးရီးယားအသင်းနဲ့ပွဲစဉ်တွင် အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူခဲ့သလို ဂျွန်နသန် ဒေးဗစ် ကလည်း ကာတာအသင်းနဲ့ပွဲစဉ်တွင် ကနေဒါအသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့လို့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်းဖြစ်ပါတယ်။ ၎င်းတို့နောက်တွင် ဘရာဇီးအသင်းမှ ဗီနီစီးယက်စ်၊ ကွန်ညာ၊ ဆွစ်ဇာလန်အသင်းမှ မန်ဇမ်ဘီ၊ ဂျာမနီ အသင်းမှ ကိုင်ဟာဗက်၊ ဆွီဒင်အသင်းမှ အယာရီ၊ နယူးဇီလန်အသင်းမှ အီလီဂျာဂျက်၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း၊ နော်ဝေအသင်းမှ ဟာလန်း၊ ပြင်သစ်အသင်းမှ အမ်ဘက်ပီ၊ ကနေဒါအသင်းမှ လာရင်၊ အမေရိကန်အသင်းမှ ဘာလိုဂန်၊ မော်ရိုကိုအသင်းမှ ဆိုင်ဘာရီ တို့က သွင်းဂိုးနှစ်ဂိုးစီဖြင့် ရပ်တည်နေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပြင်သစ်အသင်းတိုက်စစ်မှူး အမ်ဘက်ပီ က သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း အဆိုပါဆုအတွက် ရေပန်းစားနေတဲ့စာရင်းတွင် ပါဝင်နေကြောင်း သိရပါတယ်။(NVS 008)