“ရီးရဲလ်မက်ဒရစ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ရူဒီဂါ”

21 Jun

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းနောက်ခံကစားသမား ရူဒီဂါ ကို ၂၀၂၇ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် နောက်ခံကစားသမားရူဒီဂါ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ ပြီးခဲ့တဲ့ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၈၂ ပွဲကစားကာ ရှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ရူဒီဂါ က သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီးကြောင်းနဲ့ အသင်းနဲ့အတူ ဆုဖလားများစွာလည်း ရယူသွားကာ ကစားသမားဘဝကိုလည်း လက်ရှိအသင်းမှာပဲ ကုန်ဆုံးသွားလိုကြောင်း ပြောခဲ့ပါတယ်။(NVS 008)

21 Jun

ADVERTISE HERE .