“ကက်စ်မဲရိုး ကို အင်တာမီယာမီအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူ”

21 Jun

ရာသီအကုန်၌ မေဂျာလိဂ်ထိပ်တန်း ကလပ်အသင်းဖြစ်သည့် အင်တာမီယာမီအသင်းက အလွတ် ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းနှင့်လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဝါရင့်ကွင်းလယ် ကစားသမား ကက်စ်မဲရိုး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကက်စ်မဲရိုး ဟာ ၂၀၂၂ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့ကာ အသင်းနှင့် အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ကက်စ်မဲရိုး က ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့်အတူ ပါဝင်ကစား နေတဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ အင်တာမီယာမီအသင်းနှင့် တရားဝင်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

21 Jun

ADVERTISE HERE .