“လီဗာပူးအသင်းက ဒီအိုမန်ဒီ ကို ယူရို သန်း ၁၀၀ ဖြင့်ကမ်းလှမ်း”

20 Jun

လီဗာပူးအသင်းက လိုက်ပ်ဇစ်အသင်းတောင်ပံကစားသမား ဒီအိုမန်ဒီ ကို ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ အိုင်ရာအိုလာ ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်တောင်ပံကစားသမား မူနော့ဇ် ကို စာချုပ်ဖျက်ကြေးပေးပြီး ခေါ်ယူနိုင်ဖို့ သဘောတူထားသလို ဒီအိုမန်ဒီ ကိုလည်း ပြောင်းရွှေ့ကြေးယူရို သန်း ၉၀ နဲ့ ဆုကြေးအပါအဝင် ထပ်မံခံစားခွင့် ယူရို ၁၀ သန်း စုစုပေါင်း ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီအိုမန်ဒီ ဟာ လက်ရှိမှာ အိုင်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုး ဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးခဲ့လို့ ဒီအိုမန်ဒီ ကို ပီအက်စ်ဂျီ အသင်းကလည်း စိတ်ဝင်စားနေခဲ့ပါတယ်။ ယခုအခါ လီဗာပူးအသင်းက လက်ဦးမှုရယူနိုင်ဖို့အတွက် အခုလိုကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းဘက်က ဒီအိုမန်ဒီ ကိုရောင်းချဖို့ ဆန္ဒမရှိဘူးဆိုပေမယ့် ယူရို သန်း ၁၃၀ လောက်ရရင် ရောင်းချဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။(NVS 008)

20 Jun

ADVERTISE HERE .