“စပါးအသင်းက ဗန်ဟက်ကီ ကို စတာလင်ပေါင် ၅၂ သန်းဖြင့် ခေါ်ယူ”
20 Jun
စပါးအသင်းက ဘရိုက်တန်အသင်း နောက်ခံကစားသမား ဗန်ဟက်ကီ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်ခံကစားသမား ဗန်ဟက်ကီ ဟာ ဘရိုက်တန်အသင်းနှင့်အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ပွဲပေါင်း ၄ဝ ကစားကာ သုံးဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စပါးအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗန်ဟက်ကီ က စပါးအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်လာလို့ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
20 Jun