“မာနူကိုနေး အားခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”
20 Jun
အာဆင်နယ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှ ရိုးမားကွင်းလယ်ကစားသမား မာနူကိုနေး အားခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ မာနူကိုနေး ဟာ ၂၀၂၄ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ပြင်သစ်အသင်းအတွက် ၁၄ ပွဲ ကစားခွင့်ရရှိထားပါတယ်။ မာနူကိုနေး ဟာ ၂၀၂၄-၂ဝ၂၅ ရာသီတွင် မိုချန်ဂလာဘတ်အသင်းမှ ရိုးမားအသင်းထံသို့ အငှားဖြင့်သွားရောက်ကစားခဲ့ပြီး ၂၀၂၅ နွေရာသီတွင် ရိုးမားအသင်းက ယူရို ၁၈ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ က ရိုးမားအသင်းတွင် ခြေစွမ်းပြနေတဲ့ မာနူကိုနေး ရဲ့ခြေစွမ်းကို သဘောကျနေခဲ့လို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ရိုးမားအသင်းက မာနူကိုနေး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အလိုရှိသော်လည်း လတ်တလော ငွေကြေးလိုအပ်ချက်အရ ယူရို ၄၅ သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ဖွယ် ရှိကြောင်းသိရပါတယ်။(NVS 008)