“မိခင်ဖြစ်သူကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်ခွင့်ရခဲ့တဲ့ ဗော်ဇင်ညာ”
19 Jun
စပိန်အသင်းနဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် လက်စွမ်းပြသနိုင်ခဲ့တဲ့ ကိတ်ဗာဒီ ဂိုးသမား ဗော်ဇင်ညာ ဟာ မိခင်ဖြစ်သူကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဗော်ဇင်ညာ က ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု လက်ခံရယူချိန်မှာ သူ့ရဲ့မိခင်ဖြစ်သူဟာ အမေရိကန်ဗီဇာ ကုန်ကျစရိတ် မြင့်မားလွန်းလို့ ကမ္ဘာ့ဖလားဆီ လာရောက်အားမပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ US House Democratic ခေါင်းဆောင် ဟာကင်ဂျက်ဖရီးစ် က ဗော်ဇင်ညာရဲ့ မိခင်ဖြစ်သူ အီဗိုရာ ကို ဗီဇာကြေး ကင်းလွတ်ခွင့် ပေးခဲ့တဲ့အပြင်ခရီးသွားလာရေးအတွက်လည်း စီစဉ်ပေးခဲ့ပါတယ်။ ကိတ်ဗာဒီ နိုင်ငံ ဟာ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာအတွက် ဒေါ်လာ ၁၁,၀၀၀ လောက်ကုန်ကျနိုင်တဲ့ ငါးနိုင်ငံထဲမှာ တစ်နိုင်ငံ အပါအဝင်ဖြစ်တယ်။ ဗော်ဇင်ညာ ဟာ အသက် ၄၀ နှစ် ၁၂ ရက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံး ပွဲဦးထွက်ခွင့်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)