“စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ အင်္ဂလန်အသင်း ဒုတိယအလားအလာအကောင်းဆုံးဖြစ်လာ”

19 Jun

စူပါကွန်ပျူတာရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် နောက်ဆုံးခန့်မှန်းမှုမှာ အင်္ဂလန်အသင်းက ဒုတိယအလားအလာအကောင်းဆုံးဖြစ်လာကြောင်း သိရပါတယ်။ အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာက ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာ ခန့်မှန်းတွက်ချက်မှု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းက ထိပ်ဆုံးမှာ ဆက်ရှိနေပေမယ့် အင်္ဂလန်အသင်းက စပိန်အသင်းကို ကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်ရှိလာခဲ့ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာကြောင့် အုပ်စုပထမနေရာရရှိဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ်လည်း သတ်မှတ်ခံထား ရပါတယ်။ အင်္ဂလန်အသင်း အုပ်စုပထမနေရာရရှိဖို့ အလားအလာ ၉၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .