“ဖိလစ်ပိုင်အမျိုးသမီးတိုက်စစ်မှူး မာရီယာ ကို ခေါ်ယူခဲ့တဲ့ ရတနာပုံအမျိုးသမီးအသင်း”
19 Jun
ရတနာပုံအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်အမျိုးသမီးတိုက်စစ်မှူး မာရီယာလောဒပ်စ် လာရာကန် ကို ခေါ်ယူလိုက်ပါတယ်။ တိုက်စစ်ကစားသမား မာရီယာ ဟာ ပြီးခဲ့တဲ့ရာသီက ဖိလစ်ပိုင်အမျိုးသမီးကလပ် စတေလီယမ်လာ ဂူနာ အသင်းမှာ ကစားခဲ့သူဖြစ်ပြီး တောင်ပံတိုက်စစ်နေရာမှာပါ ကစားနိုင်သူဖြစ်တယ်လို့ သိရပါတယ်။ မာရီယာ ဟာ ပြီးခဲ့တဲ့ရာသီက စတေလီယမ်လာဂူနာအသင်းနဲ့အတူ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင် ထားတဲ့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကောလိပ်ပေါင်းစုံပြိုင်ပွဲဖြစ်တဲ့ Ang Liga ပြိုင်ပွဲမှာ DLSU အသင်းနဲ့ အတူ ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ထားသူဖြစ်ပါတယ်။ ရတနာပုံအမျိုးသမီးအသင်းဟာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ တတိယမြောက် နိုင်ငံခြားကစားသမား ခေါ်ယူလိုက်တဲ့အသင်းဖြစ်လာပါတယ်။ ရတနာပုံအသင်းရဲ့ခေါ်ယူမှုမတိုင်မီ ဧရာဝတီအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှ ကစားသမားတွေကို ခေါ်ယူထားသလို ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်းက ဂါနာကစားသမား ၃ ဦးကို ခေါ်ယူထားပါတယ်။ (NVS 008)