“စစ်ပွဲအဆုံးသတ်ရေး အီရန်နှင့် နားလည်မှုစာချွန်လွှာ ထရမ့် လက်မှတ်ရေးထိုး”
18 Jun
ပဋိပက္ခအဆုံးသတ်ရေးအတွက် ရည်ရွယ်ကာ အီရန်နှင့် နားလည်မှုစာချွန်လွှာအား အမေရိကန်နိုင်ငံ သမ္မတ ထရမ့် က ဇွန်လ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို မူလက ဆွစ်ဇာလန်နိုင်ငံ၌ ဇွန်လ ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားကို ဇွန်လ ၁၉ ရက်ထက်စော၍ ဖွင့်လှစ်နိုင်ရန်အလို့ငှာ ယခုကဲ့သို့ လက်မှတ်ရေးထိုး ချိန်ကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာ Axios က သံတမန်သတင်းရင်းမြစ်တစ်ဦးအား ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ ထို့ပြင် နောက်ထပ်အကြောင်းအချက်တစ်ခုမှာ နားလည်မှုစာချွန်လွှာကို စာအားဖြင့်ထုတ်ပြန်ရန် အိမ်ဖြူတော် အား နိုင်ငံရေးဖိအား ရှိနိုင်ဖွယ်လည်းရှိကြောင်း သတင်း၌ ထပ်လောင်းဖော်ပြထားသည်။ နားလည်မှုစာချွန်လွှာ စာသားအပြည့်အစုံကို အမေရိကန်တာဝန်ရှိသူများက ဇွန်လ ၁၇ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)