“G7 ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး၊ ၂ နှစ်ဆက်တိုက် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိ”

18 Jun

သုံးရက်ကြာကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးသည် ဇွန်လ ၁၇ ရက်က ပြင်သစ်နိုင်ငံ အီဗီယန် လက်စ် ဘိန်းစ်မြို့တွင် ကျင်းပပြီးစီးရာ G7 ခေါင်းဆောင်များ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ယင်းမှာ ၂၀၂၅ ခုနှစ် ကနေဒါနိုင်ငံ ကာနာနာစကစ် ထိပ်သီးအစည်းအဝေးပြီးနောက် G7 အဖွဲ့အနေဖြင့် ပူးတွဲကြေညာချက် ထပ်မံထုတ်ပြန် နိုင်မှုမရှိခြင်းဖြစ်သည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း အသေးစိတ်ဆွေးနွေးမှုအကြောင်းအရာ ရလဒ်စာတမ်း ၉ ခုကို ဆက်တိုက် ထုတ်ပြန်ခဲ့ရာ ပထဝီနိုင်ငံရေး၊ စီးပွားရေးတိုးတက်မှု၊ ပြည်သူ့ကျန်းမာရေး စသည့်ကဏ္ဍများကို လွှမ်းခြုံထားသည်။ ထိုမတိုင်မီ သံတမန်သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည့် Kyodo သတင်း ဌာန၏ သတင်းများအရ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအကြား တည်ရှိသည့်ကွဲလွဲမှုများ ပေါ်လွင်လာခြင်းကို ရှောင်ရှားရန်အတွက် ထိပ်သီးအစည်းအဝေးသည် အစည်းအဝေးကျင်းပရန် ပြင်ဆင်သည့်ကာလအတွင်းကပင် ပူးတွဲ ကြေညာချက်ရရှိရေးကို တွန်းအားပေးရန် လက်လျှော့ထားပြီး ယင်းအစား ကဏ္ဍအလိုက် ရလဒ်စာရွက်စာတမ်းများ ထုတ်ပြန်သည့် နည်းဗျူဟာကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း သိရသည်။ G7 အနေဖြင့် ယူကရိန်းအကျပ်အတည်း၊ အရှေ့အလယ်ပိုင်းအခြေအနေ၊ ကမ္ဘာ့စီးပွားရေး ဟန်ချက်ပျက်မှုကို ကိုင်တွယ်ရေး၊ အရေးကြီးသတ္တုထုတ်ကုန် စသည့်ကဏ္ဍများတွင် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရာသီဥတု အရေးကိစ္စ၊ ကုလသမဂ္ဂ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် စသည့်ကဏ္ဍများတွင် အမေရိကန်နှင့် အခြား G7 ခြောက်နိုင်ငံ အကြား ရပ်တည်ချက်ကွဲလွဲမှုများ ရှိနေသည်ကိုလည်း ၎င်းကဝန်ခံခဲ့သည်။ G7 အဖွဲ့ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် ဂျပန် တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ယခုနှစ် G7 အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည်။ (Repost from Xinhua Myanmar)

18 Jun

ADVERTISE HERE .