“ခြေစွမ်းအသာစီးနဲ့ခရိုအေရှားအသင်းကို အနိုင်ကစားခဲ့တဲ့ အင်္ဂလန်အသင်း”
18 Jun
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(L) အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနှင့်ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ အင်္ဂလန်အသင်းက ခြေစွမ်းအသာစီးရယူကာ ၄ ဂိုး၊ ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ပွဲစတင်ချိန်မှာပင် အင်္ဂလန်အသင်းက အကောင်းဆုံးခြေစွမ်းနဲ့ ဖိအားပေးကစားထားနိုင်ခဲ့ပြီး ခရိုအေးရှား အသင်းကလည်း အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဟာရီကိန်း က ၂ ဂိုး၊ ဘယ်လင်ဂမ် နှင့် ရပ်ရှ်ဖို့ဒ် တို့က တစ်ဂိုးစီ သွင်းယူ ပေးနိုင်ခဲ့သလို ခရိုအေးရှားအသင်းအတွက် သွင်းဂိုးတွေကို ရင်နာ၊ မူဆာ တို့က ဂိုးသွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းက ၂၀၀၄ ခုနှစ်နောက်ပိုင်း ခရိုအေးရှားအသင်းကို ပထမဆုံးအဖြစ် ၄ ဂိုး၊ ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၅ ပွဲမှာ အင်္ဂလန်အသင်းက ၃ ပွဲနိုင်၊ ၁ ပွဲသရေနှင့် ၁ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။(NVS 008)