“ကွန်ဂိုကို သရေရလဒ်နဲ့သာ ကစားနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်း”
18 Jun
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (K) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနှင့် ကွန်ဂိုအသင်းတို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးဆီနှင့် သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ ရော်နယ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းက ကွန်ဂိုအသင်းကို ပွဲချိန် ၆ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူကာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကွန်ဂိုအသင်းက ပထမပိုင်းနာကျင်အချိန်ပိုမှာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပွဲပြီးဆုံးချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ပေါ်တူဂီအသင်းက တိုက်စစ်ဆင်ကစားနိုင်ခဲ့သလို ကွန်ဂိုအသင်းက အကောင်းဆုံးခြေစွမ်းနဲ့အတူ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်ဆင်မှုကို ခုခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန် မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။(NVS 008)
18 Jun