“လစ်ဗရာမန်တို ဒဏ်ရာရရှိခဲ့တာကြောင့် ချာလိုဘာ ကို အစားထိုးခေါ်ယူခဲ့တဲ့ အင်္ဂလန်အသင်း”

18 Jun

အင်္ဂလန်အသင်းဟာ နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တို က လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးဒဏ်ရာ ရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့အတွက် ချဲလ်ဆီးနောက်ခံလူ ချာလိုဘာ ကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရ ပါတယ်။ လစ်ဗရာမန်တို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ၆ ပတ်ဝန်းကျင်အနားယူရမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားနိုင်ခြင်းမရှိတော့ဘဲ ချာလိုဘာ ကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လစ်ဗရာမန်တို ဟာ ခံစစ်ဘယ်ခြမ်းရော ညာခြမ်းမှာပါ ကစားနိုင်တာကြောင့် အင်္ဂလန်နည်းပြ တူချယ် က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နယူးဇီလန်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ကစားခွင့်ရရှိခဲ့ပါတယ်။ ချာလိုဘာ အနေနဲ့ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲသာ ကစားဖူးသူဖြစ်ပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .