“မြန်မာအမျိုးသမီးကော်ဖီကွန်ရက်မှ MWCN Cup Tasters Championship 2026 ပြိုင်ပွဲ ကျင်းပမည်”
17 Jun
မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network-MWCN)က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ၂ဝ၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Specialty Coffee Hub၊ ဝန်ကြီးများရုံး (The Secretariat Yangon)၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲသည် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီဝါသနာရှင်များ၊ ကော်ဖီကျွမ်းကျင် သူများ၏ အရသာခံနိုင်စွမ်းရည်(Sensory Skills)များကို မြှင့်တင်ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ကော်ဖီများ၏ ထူးခြားသည့်အနံ့အရသာများကို အလျင်မြန်ဆုံးနှင့် အမှန်ကန်ဆုံး ခွဲခြားနိုင်စွမ်းရှိသူများအား ရွေးချယ်ဂုဏ်ပြုပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် ထူးချွန်စွာအောင် မြင်မှုရရှိသူများအား Champion၊ 1th Runner UP နှင့် 2nd Runner Up ဆုများချီးမြှင့်သွားမှာဖြစ်ပြီး ဂုဏ်ပြုဒိုင်းဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲ၌ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသော Google Form မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေးအဖြစ် ငွေကျပ် ၁၅ဝ,ဝဝဝ ပေးသွင်းရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအတွက် ပြိုင်ပွဲနေ့တွင် ဝတ်ဆင်ရန် အထိမ်းအမှတ် တီရှပ်တစ်ထည် လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါ တယ်။ ပြိုင်ပွဲဝင်များ အနေဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ နားလည် သဘောပေါက်စေရန် Pre-Competition Workshop အစီအစဉ် တစ်ရပ်ကိုလည်း ကြိုတင်ကျင်းပပေးသွားမှာဖြစ်လို့ Workshop ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို မကြာမီ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)