“မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး”

17 Jun

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ ဇွန်လ ၁၆ ရက် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့သည် ဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးကြပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး Roadshow သို့ တက်ရောက်အမှာစကားပြောကြားကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားတဲ့ Visit Cambodia Video နှင့် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားတဲ့ Myanmar Beauty Video တို့ကိုပြသကာ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူများက ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအခြေအနေများနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေများကိုရှင်းလင်း တင်ပြကာ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)

17 Jun

ADVERTISE HERE .