“ငှက်ပျော၊ မြက်တို့မှ ထုတ်လုပ်ထားသော တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်း”

17 Jun

လူအများစု စိတ်ဝင်စားမှုရရှိလာသည့် ငှက်ပျော၊ မြက်တို့မှ ခေတ်နှင့်အညီ ထုတ်လုပ်ထားတဲ့ တန်ဖိုးမြင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း Green Banana Myanmar မှ သိရပါတယ်။ လက်ရှိတွင် ငှက်ပျောနှင့် မြက် ကုန်ကြမ်းပစ္စည်းများမှ လက်ကိုင် အိတ်၊ ပဝါ၊ အင်္ကျီစ၊ ဖိနပ်၊ ဖျာ အစရှိတဲ့ တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ခေတ်နှင့်အညီထုတ်လုပ်နေပြီး လက်ရှိဈေးကွက်အတွင်း လက်ကိုင်အိတ်၊ ချည်ထည်၊ အမျိုးသားစီးဖိနပ်၊ အမျိုးသမီးစီး ဖိနပ်များကို လူစိတ်ဝင်စားမှုရရှိနေကြောင်း သိရပါတယ်။ Green Banana Myanmar မှ CEO အနေနဲ့ ငှက်ပျောနှင့်ပတ်သက်သည့် ထုတ်ကုန်များကို ၂၀၁၉ ခုနှစ်မှစတင် တီထွင်ခဲ့ပြီး မျိုးဆက်သစ်များကို ပြန်လည်မျှဝေပေးလိုသည့်အတွက် လှည်းကူးဖောင်ကြီးလမ်း Green Banana Myanmar မှ ငှက်ပျော၊ မြက် ထုတ်ကုန်သင်တန်းအပြင် စီးပွားဖြစ်အိတ်ချုပ်နည်းများပါ ဖွင့်လှစ်ပေးနေပြီး အခြားမြို့များသို့ သွားရောက်၍ သင်တန်းပို့ချပေးလျက်လည်းရှိနေပါတယ်။ (NVS-004)

17 Jun

ADVERTISE HERE .