“မက်ဆီ ရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ အဖွင့်လှခဲ့တဲ့ အာဂျင်တီးနားအသင်း”

17 Jun

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု( J ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဂျင်တီးနားအသင်းက အယ်လ်ဂျီယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုးကို အသင်းရဲ့ အဓိကကစားသမား မက်ဆီ က ဟက်ထရစ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က လက်ရွေးစင်အသင်းအတွက် (၁၁)ကြိမ်မြောက် ဟက်ထရစ် သွင်းယူခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုဟက်ထရစ်သွင်းဂိုးကြောင့် မက်ဆီ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေးရဲ့ ၁၆ ဂိုးစံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .