“ အမ်ဘာပေ ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်အသင်း”

17 Jun

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု(I) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြင်သစ်အသင်းနှင့် ဆီနီဂေါအသင်းတို့ပွဲစဉ်မှာ ပြင်သစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရန်ရေပန်းစားနေတဲ့ အသင်းများထဲမှ အသင်းတစ်သင်းဖြစ်တဲ့ ပြင်သစ်အသင်းက အကောင်းဆုံးပုံစံနှင့်အတူ ခြေစွမ်းပိုင်းအသာစီးယူကာ ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်မှာ ဂိုးမရှိသရေဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်မှာ ပြင်သစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး အမ်ဘာပေ က ဦးဆောင်သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲချိန် ၈၂ မိနစ်မှာ ဘာကိုလာ က ထပ်မံသွင်းခဲ့ပေမယ့် ဆီနီဂေါအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၉၅ မိနစ်မှာ မန်ဘာရ် က သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်အသင်း အတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို ပွဲချိန် ၉၆ မိနစ်မှာတော့ အမ်ဘာပေ ထပ်မံသွင်းယူ ပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ပြင်သစ်အသင်းက ဆီနီဂေါအသင်းကို ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းပေးခဲ့တဲ့ အမ်ဘာပေ က ပြင်သစ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံးအဖြစ်ရပ်တည်ခဲ့သလို ကလိုဆေး ရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့ ၂ ဂိုးသာလိုအပ်ပါတော့တယ်။ (NVS 008)

17 Jun

ADVERTISE HERE .