“မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ကျပ် ၅ သိန်းအထိ တိုးမြှင့်ချီးမြှင့်”

17 Jun

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု (Player of The Match) ကို ဆုကြေးကျပ် ၅ သိန်းအထိ တိုးမြှင့်ကာ ချီးမြှင့်ခဲ့ပါတယ်။ MFF ဟာ ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲရဲ့ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဆုကြေးကျပ် တစ်သိန်းသာ ချီးမြှင့်ခဲ့ရာမှ ယခုရာသီမှာ ၅ ဆအထိ တိုးမြှင့်ကာ ကျပ် ၅ သိန်းအထိ ချီးမြှင့်နေတာ ဖြစ်ပါတယ်။ MFF ဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ အမျိုးသမီးကစားသမားများ ပိုမိုကြိုးစားအားထုတ်လာ စေရန်နဲ့ စွမ်းဆောင်ရည်ကောင်းများ ထွက်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြီး အကောင်းဆုံးကစားသမားဆုကို ဆုကြေး ကျပ် ၅ သိန်းအထိ တိုးမြှင့်ကာ ချီးမြှင့်နေတာဖြစ်ပါတယ်။ ဒါ့အပြင် MFF ဟာ ယခုရာသီ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်း ၁၀ သင်းစလုံးကို ပြိုင်ပွဲအပြီး အဆင့်ရပ်တည်မှုအပေါ်မူတည်ပြီး ဆုကြေးများ ပေးအပ်သွားမှာဖြစ်သလို အခြေခံထောက်ပံ့ကြေးများနဲ့ Club Development Subsidy များကိုလည်း ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .