“ပီယာဆက်ဂ် ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”

17 Jun

ခရစ္စတယ်ပဲလေ့စ်အသင်းက လန်းစ်အသင်းနည်းပြ ပီယာဆက်ဂ် ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပီယာဆက်ဂ် ဟာ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းကို သမိုင်းဝင်အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ဂလက်စနာ နေရာမှာ အစားထိုးတာဝန်ယူရမှာ ဖြစ်ပါတယ်။ ပီယာဆက်ဂ် က လန်းစ်အသင်းကို ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ကိုင်တွယ်ခဲ့ပေမယ့် အံ့အားသင့်ဖွယ်တွေ လုပ်ဆောင်ပြခဲ့ပြီး လီဂူးတစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ပါတယ်။ လန်းစ်အသင်းကို PSG အသင်းနောက် ဒုတိယနေရာရရှိစေခဲ့ပြီး အသင်းရဲ့ နှစ်ပေါင်း ၁၂၀ သမိုင်းမှာ ပထမဆုံး ပြင်သစ်ဖလားကို ရယူပေးခဲ့ပါတယ်။ ပီယာဆက်ဂ် ဟာ လန်းစ်အသင်းမတိုင်ခင် လိုင်ယွန်အသင်းကို ကိုင်တွယ် ခဲ့ပါတယ်။ ပဲလေ့စ်အသင်းဟာ ပီယာဆက်ဂ် ကို မခန့်အပ်ခင် အီရာအိုလာ၊ ဖရန့်လမ်းပတ်၊ မစ်ကန်နာ၊ ရှောင်ဒိုက် တို့နဲ့လည်း သတင်းထွက်ခဲ့ပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .