“စစ်ပွဲအဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ သဘောတူညီမှုရရှိကြောင်း အီရန် တရားဝင်အတည်ပြု”

15 Jun

အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ(SNSC) အတွင်းရေးမှူးရုံးက ဇွန်လ ၁၅ ရက် နံနက် အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ အီရန်နှင့် အမေရိကန်တို့သည် စစ်ပွဲဆွေးနွေးမှုများ အဆုံးသတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အကြောင်းအရာများကို နောက်ဆုံးအတည်ပြုခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် တရားဝင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း တရားဝင်ကြေညာခဲ့သည်။ လအတန်ကြာ အကြိတ်အနယ်ဆွေးနွေးပြီးနောက် SNSC ၏ ဆုံးဖြတ်ချက်နှင့်အညီ အီရန်နှင့် အမေရိကန် တို့သည် ဇွန်လ ၁၄ ရက် ညပိုင်းတွင် စစ်ပွဲဆွေးနွေးမှုများ အဆုံးသတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အကြောင်းအရာများကို နောက်ဆုံးအတည်ပြုခဲ့ကြောင်း ကြေညာချက်၌ဖော်ပြထားသည်။ ရရှိထားသော သဘောတူညီချက်အရ ဇွန်လ ၁၄ ရက် ညပိုင်းမှစ၍ လက်ဘနွန်အပါအဝင် စစ်မျက်နှာ အသီးသီးတွင် စစ်ပွဲနှင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းနှင့် ရာသက်ပန် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုကိုလည်း ချက်ချင်းဘက်စုံ ဖယ်ရှားပေးမည်ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ နောက်ဆုံးသဘောတူညီချက်များ၏ နောက်ဆက်တွဲဆွေးနွေးမှုများကို နားလည်မှုစာချွန်လွှာ အတွင်း စည်းကမ်းချက်များနှင့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ပြီးနောက် စတင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Repost from Xinhua Myanmar)

15 Jun

ADVERTISE HERE .