“ပြင်သစ်နှင့် ဗြိတိန်မှဦးဆောင်သော ဟော်မုဇ်ရေလက်ကြား ရေကြောင်းစောင့်ရှောက်ရေး လှုပ်ရှားမှုကို အချိန်မရွေး စတင်နိုင်ကြောင်း မက်ခရွန် ဆို”
15 Jun
ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် က အမေရိကန်နှင့်အီရန်တို့ နားလည်မှုစာချွန်လွှာ သဘောတူညီမှုရရှိခြင်းကို ကြိုဆိုကြောင်း၊ ပြင်သစ်နှင့်ဗြိတိန်က ဦးဆောင်သော ဟော်မုဇ်ရေလက်ကြား နိုင်ငံစုံရေကြောင်းစောင့်ရှောက်ရေး လှုပ်ရှားမှုကို အချိန်မရွေးစတင်နိုင်ကြောင်း ဇွန်လ ၁၅ ရက်တွင် လူမှုမီဒီယာ၌ပို့စ်တင်၍ ပြောကြားခဲ့သည်။ နားလည်မှုစာချွန်လွှာ သဘောတူညီမှုရရှိခြင်းသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များ အတူတကွ ကြိုးပမ်းမှုဖြင့်ရရှိလာသော သံတမန်ရေးရလဒ်ဖြစ်ကြောင်း မက်ခရွန် ကဆိုသည်။ စစ်ပွဲပါဝင်သူအားလုံးအနေဖြင့် နားလည်မှုစာချွန်လွှာအား လျင်မြန်စွာ ဘက်စုံအကောင်အထည်ဖော်ရန် ၎င်းကတိုက်တွန်းခဲ့ပြီး စာချွန်လွှာသည် ဟော်မုဇ်ရေလက်ကြားအား အရေးပေါ်ခြွင်းချက်မရှိ ပြန်လည်ဖွင့်လှစ် နိုင်ရေးကို အာမခံပေးသင့်ကြောင်း၊ ယင်းအတွက် ပြင်သစ်နှင့် ဗြိတိန်က ဦးဆောင်သော နိုင်ငံစုံရေကြောင်း စောင့်ရှောက်ရေးလှုပ်ရှားမှုကို အသင့်ပြင်ထားပြီးဖြစ်ရာ အချိန်မရွေးစတင်နိုင်ကြောင်း၊ အကန့်အသတ်မရှိဘဲ လမ်းဖြတ်သန်းရေးစရိတ် ပေးဆောင်ရန်မလိုသည့် ပင်လယ်ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေး ပြန်လည် ဖော်ဆောင်ခြင်းသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ကမ္ဘာ့စီးပွားရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် မဖြစ်မနေ လိုအပ်သည့်အချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် ဘက်စုံဆွေးနွေးညှိနှိုင်းမှုအတွက် လမ်းကြောင်းခင်းပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်အတူ ယင်းအတွက် မိမိ၏အင်အားဖြင့် အကျိုးထမ်းဆောင်လိုကြောင်း မက်ခရွန် က ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် လက်ဘနွန်အာဏာပိုင်က နိုင်ငံတော်အချုပ်အခြာအာဏာ ပြန်လည်ဖော်ဆောင်ရန် အတွက် ခိုင်မြဲသောကြိုးပမ်းမှုများကို ဆက်လက်အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး ယင်းအတွက် အားကောင်းသော၊ ရေရှည်ဖြစ်သော သဘောတူညီချက်တစ်ရပ်ရရှိရန် မဖြစ်မနေလိုအပ်ကြောင်း မက်ခရွန် က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)