“အီလီမန် အန်ဒီယာယီ ကို ခေါ်ယူရန် မန်ယူအသင်း စီစဉ်”
14 Jun
မန်ယူအသင်းက အဲဗာတန်အသင်း တောင်ပံကစားသမား အီလီမန် အန်ဒီယာယီ ကိုခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမား အန်ဒီယာယီ က အဲဗာတန်အသင်းနှင့်အတူ ၂ဝ၂၄ -၂၀၂၅ မှ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၇၁ပွဲကစား ပြီး ၁၇ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း အန်ဒီယာယီ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)
14 Jun