“မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည်”

14 Jun

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အမှုဆောင်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ် ဇူလိုင်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးဇော်ဇော် က ၂၀၀၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ကာလရှည်တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့်ချိတ်ဆက်ပြီး ၂၀၁၅ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ၂ဝ၂၄ ခုနှစ်တို့တွင် အမှုဆောင်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဦးဇော်ဇော် က ပြိုင်ဘက်မရှိ ခဲ့ဘဲ ၎င်းကိုသာ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စည်းမျဉ်းစည်းကမ်းများအရ ဖီဖာအဖွဲ့ဝင်နိုင်ငံမှ အဖွဲ့ချုပ် ဥက္ကဋ္ဌများအနေဖြင့် သက်တမ်းသုံးကြိမ်သာ တာဝန်ယူခွင့်ရရှိမည်ဖြစ်ပြီး လေးကြိမ်မြောက်တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိဆိုသည့် စည်းမျဉ်းအရ ဦးဇော်ဇော် အနေဖြင့် အနားယူရမည်ဖြစ်ပါတယ်။ လက်ရှိတွင် ဦးဇော်ဇော် က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအပြင် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဒုတိယဥက္ကဋ္ဌ၊ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဆက်ဆံရေးအကြီးတန်း ဒုတိယဥက္ကဋ္ဌရာထူးတို့ကိုပါ တာဝန်ယူထား သူဖြစ်ကြောင်း သိရပါတယ်။(NVS 008)

14 Jun

ADVERTISE HERE .