“မန်စီးတီးအသင်းရဲ့ အန်ဒါဆန် အတွက်ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၂၀ ဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းမှုအား ထပ်မံပယ်ချခံရ”

14 Jun

မန်စီးတီးအသင်းက လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်းအတွက် နော်တင်ဟမ်အသင်းမှ လူငယ်ကွင်းလယ်ကစားသမား အန်ဒါဆန် အား မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြစ်သည့် စတာလင်ပေါင် သန်း ၁၂၀ ဖြင့်ခေါ်ယူရန် ဒုတိယအကြိမ်ကမ်းလှမ်းသော်လည်း ထပ်မံပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ မန်စီးတီးအသင်း ကွင်းလယ်ပိုင်း၌ ရိုဒရီ အနေနဲ့ အနာဂတ်မရေမရာဖြစ်နေပြီး ကွင်းလယ်ပိုင်းလိုအပ်ချက် များအတွက် လက်ရှိအပြောင်းအရွှေ့ကာလတွင် အန်ဒါဆန် အားခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အန်ဒါဆန် ဟာ ပြီးခဲ့သည့်ဘောလုံးရာသီက နော်တင်ဟမ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအသင်းကြီးများက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းကလည်း ထိပ်တန်းအသင်းကြီးများက ခေါ်ယူလိုနေတဲ့အတွက် အန်ဒါဆန် အား စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်သာ လက်လွှတ်လိုတာကြောင့် မန်စီးတီးအသင်းရဲ့ စတာလင်ပေါင် သန်း ၁၂၀ ဖြင့် ကမ်းလှမ်းခြင်းကို ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းက အစောပိုင်းမှာ အန်ဒါဆန် အားခေါ်ယူရန် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀၆ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရပြီး ယခုအခါ ပြောင်းရွှေ့ကြေးတိုးမြှင့်ပြီး စတာလင်ပေါင် သန်း ၁၂၀ ဖြင့် ကမ်းလှမ်းခဲ့ရာ နော်တင်ဟမ်အသင်းက ထပ်မံပယ်ချခဲ့ပါတယ်။ နော်တင်ဟမ်အသင်းက အန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၄၀ ခန့်အလိုရှိနေပြီး မန်စီးတီးအသင်းအပြင် မြို့ခံပြိုင်ဘက် မန်ယူအသင်းကလည်း အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

14 Jun

ADVERTISE HERE .