“ချီကာဂိုဖိုင်းယားအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်နေတဲ့ လီဝန်ဒေါစကီး”
14 Jun
ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဝါရင့်တိုက်စစ်ကစားသမား လီဝန်ဒေါစကီး က မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်လျက်ရှိကြောင်း သိရပါတယ်။ လီဝန်ဒေါစကီး ဟာ ဘာစီလိုနာအသင်းနှင့် ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အသက်အရွယ်အပိုင်းအခြားကြောင့် ဘာစီလိုနာအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိတဲ့အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။ လီဝန်ဒေါစကီး ကို ဆော်ဒီကလပ်အသင်းများက မြင့်မားတဲ့လုပ်ခလစာဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း လီဝန်ဒေါစကီး ကိုယ်တိုင်က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲထွက် မေဂျာလိဂ်ပြိုင်ပွဲသို့သာ ပြောင်းရွှေ့ကစားလိုတာကြောင့် ချီကာဂိုဖိုင်းယားအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ လီဝန်ဒေါစကီး အနေနဲ့ ချီကာဂိုဖိုင်းယားအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် နောက်ဆုံးအဆင့် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။ (NVS 008)