“ကူဝိတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ ဆက်သွယ်နိုင်”

12 Jun

ကူဝိတ်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် ကူဝိတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အကူအညီလိုအပ်ပါက ကူဝိတ်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။ မြန်မာ့သံရုံးအနေနဲ့ ကူဝိတ်နိုင်ငံရောက်မြန်မာနိုင်ငံသားများသည် အချိန်မရွေးသတိထားနေထိုင်ကြရန်နှင့် ကူဝိတ်အာဏာပိုင်များ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း ဇွန်လ ၁၁ ရက်တွင် အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းနှင့် ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေများနှင့်သက်ဆိုင်သည့် နောက်ဆုံးရ သတင်းများကို ကူဝိတ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များနှင့် ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များမှ ဆက်လက်စောင့်ကြည့်ကြရန် အကြံပြုတိုက်တွန်းထားပါတယ်။ ကူဝိတ်ရှိ မြန်မာနိုင်ငံသားများအနေနဲ့ စစ်ရေး၊ လုံခြုံရေးဆိုင်ရာတည်နေရာများ၊ ကာကွယ်ရေးလုပ်ဆောင်နေမှုများ၊ လုံခြုံရေးပြင်ဆင်မှုများနှင့် သက်ဆိုင်ရာဓာတ်ပုံ များ၊ ဗီဒီယိုများကို ရိုက်ကူးခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကိုရှောင်ကြဉ်ကြရန်နှင့် ထိုကဲ့သို့ အပြုအမူများသည် အများ ပြည်သူ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သဖြင့် ကူဝိတ်အာဏာပိုင်များက အဆိုပါလုပ်ရပ်များကို ဥပဒေအရ တိတိကျကျအရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးထားသည်ကို ထပ်ဆင့်အသိပေးဖော်ပြကြောင်း သံရုံးမှ ထုတ်ပြန်ထားရှိပါတယ်။ ကောင်စစ်ဆိုင်ရာ အရေးပေါ်အကူအညီများလိုအပ်ပါက Mobile: 65840789, 60395031, WhatsApp's Number နှင့် Email: [email protected] သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .