“၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ တောင်အာဖရိကအသင်းကို အနိုင်ရရှိခဲ့တဲ့ အိမ်ရှင်မက္ကဆီကိုအသင်း”
12 Jun
၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ်တဲ့ မက္ကဆီကိုနဲ့တောင်အာဖရိကတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်မက္ကဆီကိုအသင်းက ၂ဂိုး၊ ဂိုးမရှိ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ပထမပိုင်းမှာ အကောင်းဆုံးပုံစံနှင့် ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာ မက္ကဆီကိုအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ တောင်အာဖရိကအသင်းကစားသမား ဆီသိုးလ် က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ပွဲချိန် ၆၇ မိနစ်မှာ ဟီမီနက်ဇ် က မက္ကဆီကို အသင်းအတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မက္ကဆီကိုအသင်းက အိမ်ရှင်ပီပီ ဖိအားကစားနိုင်ခဲ့တာကြောင့် အပြန်အလှန်တိုက်စစ်တွေနဲ့အတူ အကြိတ်အနယ် ရှိခဲ့ပြီး ပွဲပြီးခါနီး ၈၄ မိနစ်မှာ တောင်အာဖရိက ကစားသမား ဇွာနီ က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို နာကျင်အချိန်ပိုမှာ မက္ကဆီကိုကစားသမား မွန်တပ်စ် က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ (NVS 008)