“မော်ရင်ဟို ကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တဲ့ ရီးရဲလ်အသင်း”

12 Jun

ရီးရဲလ်အသင်းက မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း ဇွန်လ ၁၁ ရက်မှာ အတည်ပြုကြေညာခဲ့ပါတယ်။ ရီးရဲလ်အသင်းက မော်ရင်ဟို နဲ့ ပြန်လည်လက်တွဲဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ကြေညာထားပေမယ့် နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းကိုတော့ ယခုအခါမှသာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက နည်းပြ မော်ရင်ဟို နဲ့ ၂၀၁၀ ကနေ ၂၀၁၃ အထိ တစ်ကြိမ်လက်တွဲခဲ့ဖူးပြီး အခု ဒုတိယအကြိမ် ပြန်လည်လက်တွဲခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟို က ချဲလ်ဆီး၊ အင်တာမီလန်၊ မန်ယူ၊ စပါး၊ ရိုးမား စတဲ့ ဥရောပထိပ်သီးအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံး ကိုင်တွယ်ခဲ့တာကတော့ ဘင်ဖီကာအသင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုကို ဇူလိုင်လ ၁၃ ရက်တွင် စတင်မှာဖြစ်ပါတယ်။ မော်ရင်ဟိုက ရီးရဲလ်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်က ရယူနိုင်ခဲ့ခြင်းမရှိတဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ (NVS 008)

12 Jun

ADVERTISE HERE .