“စစ်ပွဲပုံစံ ဖန်တီးထားလို့ အင်္ကျီဒီဇိုင်း ပြောင်းလဲခဲ့ရတဲ့ ဟေတီအသင်း”

12 Jun

ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် ဟေတီအသင်းဟာ ဂျာစီအင်္ကျီမှာ စစ်ပွဲပုံစံဖန်တီးထားလို့ ပြိုင်ပွဲစတင်ဖို့ လေးရက်အလိုမှာ အင်္ကျီဒီဇိုင်းပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။ ဟေတီအသင်းအင်္ကျီကို ကိုလံဘီယာအခြေစိုက် Saeta အမှတ်တံဆိပ်က စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။ အသင်းဂျာစီမှာ ဟေတီနိုင်ငံလွတ်လပ်ရေးရရှိခဲ့တဲ့ "၁၈၀၃ ခုနှစ် ဗာတီရက်စ်တိုက်ပွဲ" သရုပ်ဖော်ပုံကို နိုင်ငံအလံနဲ့အတူ ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ဟေတီအသင်းဟာ အခုဝတ်စုံကို နယူးဇီလန်၊ ပီရူးအသင်းတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲမှာလည်း ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)ရဲ့ စည်းမျဉ်းအရ ဂျာစီအင်္ကျီမှာ နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာစာသားနဲ့ ဆောင်ပုဒ်တွေ အသုံးပြုတာကို တားမြစ်ထားရာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းအလိုမှာပဲ အင်္ကျီဒီဇိုင်း ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ ဟေတီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၄ ခုနှစ်က ပထမဆုံးအကြိမ် ဝင်ခွင့်ရခဲ့ပြီးနောက် ၅၂ နှစ်ကြာမှ ထပ်မံပါဝင်ယှဉ်ပြိုင်ခွင့် ရရှိတာဖြစ်ပါတယ်။ (NVS 008)

12 Jun

ADVERTISE HERE .