“ခေတ်သစ် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးတိုးတက်မှုအတွက် ကင်နှင့် အရေးကြီးဘုံသဘောတူညီချက်ရရှိဟု ရှီ ပြောကြား”

11 Jun

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန် နှင့်အတူ ခေတ်သစ်ကာလ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုဆိုင်ရာ အရေးကြီးဘုံသဘောတူညီချက် ရရှိခဲ့ကြောင်း ဇွန်လ ၉ ရက်က ပြောကြားခဲ့သည်။ နှစ်ဖက်သည် ဒေသတွင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းအပေါ် နက်နက် ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြကြောင်း ရှီ က ၎င်းနှင့်ဇနီး ဖုန်လိယွမ် တို့ ကိုရီးယားအလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာဥက္ကဋ္ဌ ကင်နှင့်ဇနီး ရီဆိုးလ်ဂျူ တို့က တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲ တက်ရောက်ချိန်၌ ပြောကြားခဲ့သည်။ ယခုခရီးစဉ်အတွင်း လှိုက်လှဲနွေးထွေးသော ဧည့်ဝတ်ကျေပွန်မှု၊ လေးနက်သောအစီအစဉ်များအတွက် ရှီ က ကျေးဇူးတင်ရှိကြောင်းနှင့် မြောက်ကိုရီးယား ပါတီ၊ အစိုးရနှင့်ပြည်သူများက တရုတ်နိုင်ငံ ပါတီ၊ အစိုးရနှင့် ပြည်သူများ အပေါ် နွေးနွေးထွေးထွေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပို၍နက်နက်ရှိုင်းရှိုင်း ခံစားမိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား အပြန်အလှန်နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်း၍ ကျယ်ပြန့်ပြည့်စုံ လာကြောင်း၊ အနာဂတ်တိုးတက်မှုလမ်းကြောင်းမှာလည်း ပိုမိုရှင်းလင်းလာကာ ခိုင်မာပီပြင်လာကြောင်း ရှီ က ဆိုသည်။ ထို့ပြင် ရှီ က ၎င်းအနေဖြင့် ကင် နှင့်အတူ ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲဦးဆောင်သွားရန်၊ နှစ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်လုပ်ငန်းစဉ်အား ခိုင်မာသစ်လွင်သော တွန်းအားသစ် ဖြည့်တင်းပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ကင်ဂျုံအန် ကလည်း ရှီ ၏ခရီးစဉ်မှာ အောင်မြင်မှုရှိခဲ့ကာ မြောက်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုးခိုင်မာအားကောင်းလျက်ရှိ၍ ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ရရှိထားကြောင်းကို ကမ္ဘာကြီးအား အပြုသဘော သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ရှီ ၏ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုခရီးစဉ်အတွင်း ရရှိထားသော အရေးကြီးသဘောတူညီချက်ကို လေးလေးနက်နက် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၌ ထင်ရှားသော အောင်မြင်မှုရလဒ်သစ်များ တိုးမြှင့်ရေး မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေးကို မြင့်မားသောအဆင့်သစ်သို့ မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန်အသင့် ရှိပါကြောင်း ကင် က မှတ်ချက်ပြုပြောကြားခဲ့သည်။ ရှီ သည် ဇွန်လ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံခရီးစဉ်ကို အဆုံးသတ်ကာ ပြုံယမ်းမြို့မှ ထွက်ခွာခဲ့သည်။ ကင်နှင့်ဇနီးက ရှီနှင့်ဇနီးအား လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြပြီး ခမ်းနားကြီးကျယ် သော ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားလည်း ကျင်းပခဲ့ကြောင်း သိရသည်။ (Repost from Xinhua)

11 Jun

ADVERTISE HERE .