“တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့် ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟုကတိပြု”

11 Jun

တရုတ်နိုင်ငံအနေဖြင့် မက်ခရိုစီးပွားရေးမူဝါဒချင်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဘရာဇီး နိုင်ငံနှင့် အတူလက်တွဲဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံ ဒုတိယဘဏ္ဍာရေးဝန်ကြီး လျောက်မင် က ပြောကြား ခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း လာသည်ဟု ပေကျင်းမြို့တွင် ဇွန်လ ၉ ရက်၌ကျင်းပခဲ့သည့် တရုတ်-ဘရာဇီး အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဘဏ္ဍာရေးဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေး၌ လျောက် က ပြောကြားခဲ့ကာ မက်ခရိုစီးပွားရေးမူဝါဒချင်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် အတူတကွ ကြိုးပမ်း ကြရန်၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွတုံ့ပြန်ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ ဘရာဇီးနိုင်ငံ ဒုတိယဘဏ္ဍာရေးဝန်ကြီး မက်သီးယက်စ် အလန်ကက်စထရို ကလည်း တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုအပေါ် များစွာအလေးထားကြောင်း၊ ဘရာဇီး-တရုတ် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မှာ ခိုင်မာ အားကောင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်နှင့် နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းသော ရလဒ်များရရှိစေရန်၊ ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနှင့် အစိမ်းရောင်အသွင် ကူးပြောင်းရေးစသည့် နယ်ပယ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်၊ နှစ်နိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ မြှင့်တင်ရန်ဆန္ဒရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါအစည်းအဝေး၌ နှစ်ဖက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် တရုတ်-ဘရာဇီး မက်ခရိုစီးပွားရေးဆိုင်ရာ အခြေအနေများအပြင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အရင်းအနှီးဈေးကွက်များ၊ ကုန်သွယ်မှုအထောက်အကူ ပေးရေး၊ စိုက်ပျိုးရေးကဏ္ဍ ငွေကြေးပံ့ပိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ရေရှည်ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးပံ့ပိုးမှု၊ နိုင်ငံစုံပါဝင်သော ဘဏ္ဍာရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua)

11 Jun

ADVERTISE HERE .