ဈေးကွက်တန်ကြေးအများဆုံး ကစားသမားစုဖွဲ့မှုတွင် ပီအက်စ်ဂျီအသင်း ထိပ်ဆုံးမှဦးဆောင်
10 Jun
လက်ရှိ ဘောလုံးလောက၏ ဈေးကွက်တန်ကြေးအများဆုံး ကစားသမားအစုအဖွဲ့ပိုင်ဆိုင်ထားသည့် ကလပ် အသင်းများစာရင်းတွင် ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးမှဦးဆောင်နေကြောင်း Transfer Market သတင်းဝက်ဘ် ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နှစ်ရာသီဆက် ချန်ပီယံဆုဖလားဆွတ်ခူးခဲ့သည့် ပီအက်စ်ဂျီအသင်းက ဒမ်ဘီလီ၊ ခါဗာရက်ခီလီယာ၊ ဗီတင်ဟာ၊ ဂျာအိုနီဗက်၊ ဒူအီ အစရှိတဲ့ ထိပ်တန်းကစားသမားများကို ပိုင်ဆိုင်ထားကာ အသင်းရှိ ကစားသမားအားလုံးရဲ့ စုစုပေါင်းဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် ၁ ဒသမ ၃၇ ဘီလီယံ ထိရှိကာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကစားသမားအစုအဖွဲ့ပိုင်ဆိုင်ထားသည့် ဈေးကွက်တန်ကြေးအများဆုံး ကလပ်အသင်း များစာရင်းမှ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းခြောက်သင်းထိ ပါဝင်လာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းနောက်တွင် မန်စီးတီးအသင်းက စတာလင်ပေါင် ၁ ဒသမ ၃၂ ဘီလီယံဖြင့် အဆင့်(၂)၊ အာဆင်နယ်အသင်းက စတာလင်ပေါင် ၁ ဒသမ ၂၅ ဘီလီယံဖြင့် အဆင့်(၃)၊ ရီးရဲလ်မက်ဒရစ်အသင်းက စတာလင် ပေါင် ၁ ဒသမ ၂၂ ဘီလီယံဖြင့် အဆင့်(၄)၊ ဘာစီလိုနာအသင်းက စတာလင်ပေါင် ၁ ဒသမ ၁၇ ဘီလီယံဖြင့် အဆင့်(၅)၊ ချဲလ်ဆီးအသင်းက စတာလင်ပေါင် ၁ ဒသမ ၁၁ ဘီလီယံဖြင့် အဆင့်(၆)၊ ဘိုင်ယန်မြူးနစ်အသင်းက စတာလင်ပေါင် ၉၅၈ သန်းဖြင့် အဆင့်(၇)၊ လီဗာပူးအသင်းက စတာလင်ပေါင် သန်း ၉၄၀ ဖြင့် အဆင့်(၈)၊ မန်ယူအသင်းက စတာလင် ပေါင် ၇၅၂ သန်းဖြင့် အဆင့်(၉)၊ စပါးအသင်းက စတာလင်ပေါင် သန်း ၇၀၀ ဖြင့် အဆင့်(၁၀)နေရာတွင် ရပ်တည် နေကြောင်း သိရပါတယ်။ (NVS 008)