ခါရယ် ကိုခေါ်ယူရန် အာဆင်နယ်အသင်း ပစ်မှတ်ထား

10 Jun

အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်အသင်း လူငယ်ကွင်းလယ်ကစားသမား ခါရယ် ကို လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ခါရယ် ဟာ ဘိုင်ယန်မြူးနစ်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြ ကွန်ပနီ ရဲ့ ယုံကြည်မှုနှင့်အတူ အသင်းကြီးနှင့် စတင်ပူးပေါင်းခဲ့ပြီးနောက် ပါဝင်ကစားခွင့်ရရှိသည့် ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ခါရယ် ကို လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ဥရောပထိပ်သီးကလပ်များ ဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့က အစောပိုင်းကတည်းက ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခုအခါ အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။ (NVS 008)

10 Jun

ADVERTISE HERE .