တိုနယ်လီ အား စတာလင်ပေါင် သန်း ၈၀ ဖြင့် မန်ယူအသင်းကမ်းလှမ်း
10 Jun
မန်ယူအသင်းက လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနယ်လီ အား စတာလင်ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နှစ် ကစားသမားအပြောင်းအရွှေ့ကာလက အသင်းတိုက်စစ်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်ဆောင်ခဲ့ရာ ရက်ရှ်ဖို့ဒ်၊ ဆန်ချို နှင့် ဂါနာချို တို့ကို အသင်းမှထွက်ခွာစေ၍ အမ်ဘူမို၊ ကွန်ဟာ နှင့် ဆက်ကို တို့ကို ခေါ်ယူခဲ့ပြီး ခေါ်ယူခဲ့သည့် ကစားသမားအားလုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် အတ္တလန္တာအသင်းမှ ကွင်းလယ်ကစားသမား အီဒါဆန် ကို ခေါ်ယူနိုင်ပြီးနောက် ယခုအခါ ဒုတိယ မြောက်ကစားသမားခေါ်ယူမှုအဖြစ် တိုနယ်လီအား ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုနယ်လီ နှင့် နယူးကာဆယ်အသင်းတို့ကြား စာချုပ်သက်တမ်း ကျန်ရှိနေသေး သော်လည်း တိုနယ်လီ အနေနဲ့ အသင်းမှထွက်ခွာလိုပြီး ၎င်းကို မန်ယူအသင်းနှင့်အပြိုင် မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကလည်း ခေါ်ယူလိုနေတဲ့အတွက် မန်ယူအသင်းက လက်ဦးမှုရယူနိုင်ရန် စတာလင်ပေါင် သန်း ၈၀ ဖြင့် စတင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)