ပီအက်စ်ဂျီအသင်းက ဗီတင်ဟာနှင့် ဂျာအိုနာဗက် တို့ကို ရောင်းချမည်မဟုတ်ကြောင်းကြေညာ

10 Jun

ပီအက်စ်ဂျီအသင်းက အသင်းမှ အဓိကကွင်းလယ်ကစားသမား နှစ်ဦးဖြစ်သည့် ဗီတင်ဟာ နှင့် ဂျာအိုနာဗက် တို့ကို ရောင်းချမည်မဟုတ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက် အနေဖြင့် အသင်းဥက္ကဋ္ဌရွေးချယ်ပွဲတွင် အနိုင်ရရှိပါက ဗီတင်ဟာ နှင့် ဂျာအိုနာဗက် တို့နှစ်ဦးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅၀ ဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ပီအက်စ်ဂျီအသင်းက ဗီတင်ဟာ နှင့် ဂျာအိုနာဗက် တို့ရဲ့ အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဗီတင်ဟာ နှင့် ဂျာအိုနာဗက် တို့ဟာ ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ နှစ်ရာသီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ နှစ်ကြိမ်ဆက်ချန်ပီယံဆု ဆွတ်ခူးနိုင်ရာတွင် အဓိကကစားသမားများအဖြစ် ခြေစွမ်းပြနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတဲ့အတွက် ဗီတင်ဟာ နှင့် ဂျာအိုနာဗက် တို့အပြင် ဘိုင်ယန်မြူးနစ်အသင်းမှ အိုလီဆီ ကိုလည်း ခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ (NVS 008)

10 Jun

ADVERTISE HERE .