“မက်ဆီ ပွဲပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမပြောနိုင်သေးဘူးဆိုတဲ့ နည်းပြ စကာလိုနီ”
09 Jun
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ အသင်းခေါင်းဆောင် မက်ဆီ ပွဲပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမပြောနိုင်ဖြစ်နေကြောင်း သိရပါတယ်။ ကြွက်သားပြဿနာရှိနေတဲ့ မက်ဆီ ရဲ့ဒဏ်ရာအပေါ် စကာလိုနီ က ဆေးပညာနဲ့ ကုသခြင်းလုပ်ငန်းများ အပေါ်သာ မူတည်တယ်လို့ ဖြေကြားခဲ့ပါတယ်။ မက်ဆီ ဟာ ဟွန်ဒူးရပ်စ်အသင်းကို ၂ ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဂျင်တီးနားအသင်းရဲ့ဂိုးတွေကို လော်တာရိုမာတီနက်ဇ် က ပယ်နယ်တီနဲ့ ဂျူလီယာနို ဆီမြွန်နီ တို့က သွင်းယူခဲ့ပါတယ်။ မက်ဆီ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ၂၆ ပွဲကစားပြီး ပွဲအများဆုံး စံချိန်တင် ထားသူ ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားဂိုးအများဆုံးဖြစ်တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေး ၁၆ ဂိုး ကိုလည်း ကျော်ဖြတ်ဖို့ လေးဂိုးသာ လိုအပ်ပါတော့တယ်။ (NVS 008)
09 Jun