“ဒက်ကလန်ရိုက်စ် က အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တယ်လို့ဆိုတဲ့ တူချယ်”
09 Jun
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူချယ် က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒက်ကလန်ရိုက်စ် က အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဖြစ်ပြီး ဟာရီကိန်း မကစားနိုင်ချိန်မှာ ဒက်ကလန်ရိုက်စ် က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာဖြစ်ကြောင်း သိရပါတယ်။ တူချယ် က နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲဒုတိယပိုင်းမှာ ရီးရဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပေမယ့် လာမယ့် ကမ္ဘာ့ဖလားမှာတော့ ဒက်ကလန်ရိုက်စ် ကိုသာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ် က အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် နှစ်ပွဲကစားခဲ့ဖူးပြီး အောက်တိုဘာလက ဝေးလ်စ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ တာဝန်ယူခဲ့ဖူးကြောင်း သိရပါတယ်။ (NVS 008)