“ဝက်စလေ ဒဏ်ရာရရှိသွားတာကြောင့် အီဒါဆန် နဲ့ အစားထိုးလိုက်တဲ့ ဘရာဇီးလ်အသင်း”

09 Jun

ဘရာဇီးလ်အသင်းဟာ နောက်ခံလူ ဝက်စလေ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကွင်းလယ်ကစားသမား အီဒါဆန် ကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ညာနောက်ခံလူ ဝက်စလေ ဟာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအရ ဘယ်ဘက်ပေါင်ကြွက်သား ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲကာလအတွင်း ပြန်ကစားနိုင်ဖွယ်မရှိတော့တာကြောင့် အီဒါဆန် ကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အီဒါဆန် က မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားသူဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း၊ အပိုဆုကြေး ပေါင် ၄ သန်းနဲ့ ကမ်းလှမ်းမှုကို အတ္တလန်တာအသင်းက လက်ခံထားကြောင်း သိရပါတယ်။ အီဒါဆန်ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၃ ပွဲသာ ကစားထားပါတယ်။ (NVS 008)

09 Jun

ADVERTISE HERE .