“တရုတ်-ဘီလာရုစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဒုတိယသမ္မတတိုက်တွန်း”

08 Jun

နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် တရုတ်နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့အကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် က ဇွန်လ ၆ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ မင့်စ်ခ်မြို့တွင်ကျင်းပခဲ့သည့် တရုတ်-ဘီလာရုစ် စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ဟန် က နှစ်နိုင်ငံဆက်ဆံရေးမှာ လွန်ခဲ့သောနှစ်များအတွင်း အဆင့်မြင့်မားစွာ တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ကာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများက အကျိုးကျေးဇူးများပြားသောရလဒ်များ ဖြစ်ထွန်းစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုကျော်က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အခိုင်အမာတည်ဆောက်ခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၂၅ ခုနှစ်တွင် အဆပေါင်း ၁၅၀ နီးပါး မြင့်တက်ခဲ့ကြောင်း၊ အထင်ကရ တရုတ်-ဘီလာရုစ် စက်မှုဥယျာဉ်မှာ စီးပွားရေးလုပ်ငန်း ၁၇၈ ခုကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် တွန်းအားပေးခဲ့ကြောင်း ၎င်းက ပြောသည်။ နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန်၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖော်ဆောင်ရန်၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားသစ်များကို စူးစမ်းရှာဖွေကာ စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုအတွက် ဆက်လက် ကတိကဝတ်ပြုသွားမည်ဖြစ်ကာ ဘီလာရုစ်အပါအဝင် တစ်ကမ္ဘာလုံးမှနိုင်ငံများအတွက် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ၎င်းက ပြောသည်။ အဆိုပါဖိုရမ်အား တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ၊ တရုတ်-ဘီလာရုစ် စက်မှု ဥယျာဉ်နှင့် ဘီလာရုစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကပိုင်ပြုရေးဆိုင်ရာ အမျိုးသားအေဂျင်စီတို့က ပူးတွဲစီစဉ် ကျင်းပခဲ့ခြင်းဖြစ်ကာ ဧည့်ပရိသတ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua)

08 Jun

ADVERTISE HERE .