“နိုင်ဂျီးရီးယားဆယ်ကျော်သက်ကစားသမား ယိုဟန်နာ ကို ခေါ်ယူခဲ့တဲ့ ဘရိုက်တန်အသင်း”
08 Jun
ဘရိုက်တန်အသင်းက ဆွီဒင်ကလပ် စတော့ဟုမ်းအသင်းက နိုင်ဂျီးရီးယားဆယ်ကျော်သက်ကစားသမား ယိုဟန်နာကို ခေါ်ယူခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ယိုဟန်နာ အတွက် ဘရိုက်တန်အသင်းက ပေါင် ၂၁ ဒသမ ၅ သန်း ဝန်းကျင် ပေးချေခဲ့ရကြောင်း သိရပါတယ်။ ယိုဟန်နာ ဟာ ဘရိုက်တန်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘရိုက်တန်အသင်းနည်းပြ ဟူဇယ်လာက ကစားသမားသစ် ယိုဟန်နာကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ယိုဟန်နာ ဟာ နိုင်ဂျီးရီးယားဘောလုံးအကယ်ဒမီ Ikon Allah ကနေ စတော့ဟုမ်းကို ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ရောက်ရှိလာခဲ့ပြီး စတော့ဟုမ်းအသင်းမှာ ပြိုင်ပွဲစုံ ၁၈ ပွဲကစား ငါးဂိုးသွင်းကာ လေးဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ (NVS 008)
08 Jun