“ဆလိုဗက်ကီးယားကလပ်ကို နည်းပြအဖြစ် ကိုင်တွယ်သွားမယ့် ယာယာတိုရေး”

08 Jun

မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းကွင်းလယ်လူဟောင်း ယာယာတိုရေး ဟာ ဆလိုဗက်ကီးယားကလပ် ဆလိုဗန်ဘရာတစ္စလာဗာအသင်းကို နည်းပြအဖြစ်တာဝန်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ယာယာတိုရေး ဟာ ဒေါ်နစ်လက်အောက်မှာ ဆော်ဒီအာရေဗျအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေရာမှ ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ယာယာတိုးရေး ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ် ကတည်းက နည်းပြတစ်ယောက်ဖြစ်လာဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ယာယာတိုရေးအနေနဲ့ ဆဲလ်တစ်နဲ့ ဆွမ်ဆီးနည်းပြဟောင်း အိုဒီးယားကို သူ့ရဲ့လက်ထောက်အဖြစ် ခေါ်ဆောင်လာဖို့ ရှိနေပါတယ်။ ဆလိုဗက်အသင်းဟာ ပြည်တွင်းအမှတ်ပေးဖလားကို ရှစ်နှစ်ဆက် ရယူထားပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပထမအဆင့်ကနေခြေစစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ (NVS 008)

08 Jun

ADVERTISE HERE .